You won’t understand the language
တွံတေးတံတားတည်တော့ တွင်းတွေ တူးတယ်။ တံတားတိုင်တွေ တပ်တယ်။
တွင်းတွေ တာတေ တူးတယ်။ တိုင်တွေ တာတီးတပ်တယ်။
တွင်းတူးတုန်း တာတေ တွေးတယ်...
"တွင်းတစ်တွင်း တူးတိုင်း တိုင်တစ်တိုင်တပ်တယ်...
တွင်း တွမ်တိတူးတော့ တိုင်တွမ်တိ
တွင်းတစ်တွင်းတိုးတူးတော့ တိုင်တစ်တိုင်တိုး "
တာတေ တွက်တာ တော်တယ်
တွင်းတွမ်တိတူးတယ်။ တိုင်း(မ်) တိုတော့ တွင်းတိမ်တိမ်တွေ တူးတာ...
တင်တော့ တွင်း တွမ်တီးတူးတိတိ တိုးတင်တယ်....
တွင်းတိုးတော့ တိုင်တိုးတယ် တိုးတဲ့တိုင်တွေ တာတီးတွမ်တယ်
တာတီးတွမ်တာ တွေ့တော့ တာတေ တားတယ်
တိုင်တစ်တိုင်တောင်းတယ်
တောင်းတော့ တာတီတင်းတယ်... တွန့်တယ်
တာတေတွယ်တော့.. တာတီးတိတ်တယ်
တို့တွေ တွေ့တဲ့ တွံတေးတံတား
တာတီး တာတေ တည်တဲ့ တံတား
တစ်တောင်တိတိတိုင်းတူးတဲ့ တွင်းတိမ်တိမ်တွေ
တိုင်တိုတိုတုတ်တုတ်တွေ တော်တော်တောင့်တင်းတဲ့တုံးတံတားတွေ တော်တော်တွေ့တယ်။
တာတီးတိုင်တွေတွမ်တာ တောတွေတောင် တုံးတယ်တဲ့
တောတွေတိုးတိုးတိတ်တိတ်တိုး
တောင်တွေတတိတိတက်တုန်း
တာတေတော့ တာတီးတွေ့တိုင်း
တိုင်တစ်တိုင် တောင်းတုန်းတဲ့...
( စာကြွင်း )
ရှုပ်ရှုပ်ရှက်ရှက် ရေးရင် ရိုးရိုးရွရွ ရှိ၍ ရွှေရိုးရဲ့ရွာ ရုပ်ရှင်ရုံရှေ့ရောက်ရင် ရွှေရေး ရဲ့ ရှူရှူး ရှူ ရင်း ရွှတ်ရွှတ် ရေရွတ်ရန် ရောင်းရင်းရေ..