You won’t understand the language
သိန်းသန်းသည် သိုင်းသင်သောသူ။
သုံးသိန်းသုံးသောင်းသော သိုင်း သူသိသည်။ သို့သော်သွေးသောက်သိုင်းသာ သီးသန့် သူသုံးသည်။
သွေးသောက်သိုင်းသုံးသော် သုသာန်သို့သွေးသွားသွားသွန်သည်။
သူသည် သန်သည်။ သွက်သည်။ သူ့သားသည် သန့်သည်။ သို့သော် သေးသေးသွယ်သွယ် သူ့သားသူ သွန်သင်သည်။
"...သား...သွေးသောက်သိုင်းသင်..."
သို့သော် သူ့သားသည် "သေး"သောက်သိုင်းသာ သင်သည်။ သေးသောက်သိုင်းသင်သော် သေးသွန်သည်။ သူ့သားသည် သဲသောင်သို့ သေးသွားသွားသွန်သည်။ သဲသယ်သောသူသိသော် သတ်သည်။ သူ့သားသေသည်။ သူသိသော် သဲသောင်သို့ သူသွားသည်။
သဲသယ်သောသူ သုံးသောသိုင်းသည် သွေးသိုးသွေးသောက်သိုင်း... သို့သော် သူသုံးသောသိုင်းသူသိသည်။ သွေးသောက်သိုင်းသည် သာသည်။ သူ သွေးသောက်သိုင်းသုံး သုတ်သင်သည်။ သဲသယ်သောသူ သေသည်။ သူ့သားသေသွားသော် သုသာန်သို့ သူသယ်သွားသည်။
သူ သုံးသပ်သည်... သူ သိသွားသည်။
"သေသောသူသည်သုသာန်သို့
သက်သက်သာသာ သွားသည်"